အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ ရှင်းလင်းဆွေးနွေးပွဲကျင်းပ





MNP ၊ ဒီဇင်ဘာ  ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ်(၄၆/၂၀၂၂) ဖြင့်၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား အသင်းအဖွဲ့များနှင့်ပြည်သူ လူထုသိရှိနားလည်လိုက်နာစေရန် ချပြရှင်းလင်းခြင်းများ ယနေ့ နံနက်က မွန်ပြည်နယ်၊‌ ပေါင်မြို့နယ် ဝါရီရူ အစည်းဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးထင်လင်း‌အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသံမရောင်က အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအား Power Point ဖြင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါဥပဒေအရ အသင်းအဖွဲ့များ၏ မှတ်ပုံတင်အသစ်လျှောက်ထားခြင်းနှင့်သက်တမ်းတိုးခြင်းများနှင့်ပတ်သက်၍ အသင်းအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်‌ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပေါင်မြို့နယ်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ (၃၆ ) ဖွဲ့ မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)