MNP ၊ ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည် ၁ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်လင်းထက် ဒီဇင်ဘာ(၁၅)ရက်နေ့တွင်ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ရသေ့တောင်မြို့ ချောင်ဝရပ်ကွက်ရှိ မြို့ပတ်လမ်းကို ဒီဇင်ဘာ(၁၅)ရက်တွင်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊လမ်းဖွင့်ပွဲတွင်စုပေါင်းကိုယ်ကာယလှုပ်ရှားမှုများဆောင်ရွက်ခြင်းစတုဒီသာကျွေးမွေးခြင်း၊တေးသံရှင်များမှ သီဆိုပျော်ဖြေခြင်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြို့ပတ်လမ်းအနီးဝန်းကျင်တွင် အများပြည်သူတို့ အပန်းဖြေအနားယူနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသက်ဆိုင်ဌာနဆိုင်ရာများနှင့်မြို့မိမြို့ဖများမှလည်းပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန်၊ မြို့သန့်ရှင်းသာလှပရေးကိစ္စရပ်များ၊ အပတ်စဉ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြစေလိုကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မိမိတို့ရုံးဌာနများအား ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ရုံးတွင်း/ပြင် သန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ IDP Camps များအတွင်း Covid-19 ရောဂါကာကွယ်ဆေး ကျောင်းအခြေပြုထိုးနှံခြင်းကိစ္စရပ်များ၊ မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးတို့ကို အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများသက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက် က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost



No comments:
Post a Comment