တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

 



MNP - ဒီဇင်ဘာ ၆


(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကျင်းပပြုလုပ်မည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်  ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးတွင်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကို  ပြခန်းများ၊ ဈေးရောင်းပွဲများl အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများ ပြုလုပ်ရန်နှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့် ပတ်သက်ပြီး နိုင်ငံတော်အဆင့်နေပြည်တော်မှာလည်း ခမ်းနားစွာဖြင့် အလှပြယာဉ်များ၊ ပြခန်းများ၊ ဈေးရောင်းပွဲတော်များ ၊ ကျင်းပမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးရုံးစိုက်ရာ ထားဝယ်မြို့တွင်လည်း အလံတင်အခမ်းအနား၊ လွတ်လပ်ရေးနေ့ အခမ်းအနားများအပြင် ပြခန်းများ၊ ဈေးရောင်းပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများ အနေဖြင့် ကြိုတင်စီစဉ် ဆောင်ရွက်ထားရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ဆောင်ရွက်မည့် အခြေအနေအား ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားပြင်ဆင်ရေး၊ စစ်ရေးပြ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပို့ဆောင်ရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရေး၊ ကျန်းမာရေးစောင့်ရှောက်မှု စသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)