MNP - ဒီဇင်ဘာ ၃၁
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကျင်းပရေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းမှစတင်ကာ ပြိုင်ပွဲအမျိုးအစားများအလိုက် မြို့နယ်အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများသို့အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများက ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးတိုး၊ ဖူဆယ်ဘောလုံး၊ စားပွဲတင်တင်းနစ် အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို ဖိုင်နယ်ပွဲစဉ်အဖြစ် (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ဆက်လက်ကျင်းပပြုလုပ်ပြီး ဆုရရှိသည့်အသင်းများအား ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီမှ သိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment