မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လူမူဖူလုံရေး၏ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် လူမူဖူလုံရေး၏ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်း ပေးအပ်ပွဲအခမ်းအနားကျင်းပ




MNP - ဒီဇင်ဘာ ၁၄


မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် လူမူဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် နိုင်ငံခြားမွေးမြူရေးကုမ္ပဏီလီမိတက်မှ အာမခံအလုပ်သမား ဒေါ်ဝေနှင်းဦး၏ လုပ်ငန်းခွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက ရွှေမန္တလေး ကဖေးခန်းမတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လူမူဖူလုံရေးရုံးမှ တိုင်းတာဝန်ခံ ဦးသန်းနိုင်ဦးက အဖွင့်အမှာစကားပြောကြားပြီး နိုင်ငံခြားမွေးမြူရေးကုမ္ပဏီလီမိတက်မှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား ဒေါ်ဝေနှင်းဦး၏ မိခင်ဖြစ်သူ ဒေါ်ခင်အေးတင့်အား ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် ငွေကျပ် ၄,၃၂၀,၀၀၀/-(ကျပ်လေးဆယ့်သုံးသိန်းနှစ်သောင်းတိတိ) အားပေးအပ်ခဲ့ပြီး အကျိုးခံစားခွင့်ရသူ၏ကိုယ်စား နိုင်ငံခြားမွေးမြူရေးကုမ္ပဏီလိမိတက် တာဝန်ခံက ကျေးဇူးတင်စကားပြောကြားကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)