ဝေမျှခြင်းပရဟိတမိသားစုမှသောက်သုံးရေလိုအပ်နေသည့် သပြေကန်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလန်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေမျှခြင်းပရဟိတမိသားစုမှသောက်သုံးရေလိုအပ်နေသည့် သပြေကန်တဲတိုက်သို့ သောက်သုံးရေ ၁၆၀၀ ဂါလန်လှူဒါန်း



MNP - ဒီဇင်ဘာ  ၁၄


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာနှင့် သပြေကန်တဲတိုက်များသို့ ယမန်နေ့နေ့လယ် ၁ နာရီက သောက်သုံးရေဂါလန် ၁၆၀၀ ကို သွားရောက်လှူဒါန်းခဲ့ကြောင်း အေးမေတ္တာ သောက်ရေအလှူ တော်အသင်းအကျိုးတော်ဆောင်များထံက သိရသည်။


ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျက်ရှိသော ကျေးရွာများ၊ တဲ တိုက်များသို့ ရန်ကုန်မြို့ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေများ နှစ်စဉ်လှူဒါန်းပေးလျက်ရှိရာ ယမန်နေ့က တောင်ဇင်းအုပ်စု၊ ခွေးပြုတ်ကျေးရွာနှင့် သပြေကန်တဲတိုက်တို့သို့ သောက်သုံးရေဂါလန် (၁၆၀၀) လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီး သပြေကန်တဲတိုက်တွင် အိမ်ခြေ (၅၀)ကျော်၊ လူဦးရေ (၂၀၀)ဦးခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။


သတင်း - ကိုကြေးမုံ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)