ကင်းပွန်ချောင်းလူကူးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်နိုင်ရေး မြေစမ်းသပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကင်းပွန်ချောင်းလူကူးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်နိုင်ရေး မြေစမ်းသပ်



MNP - ဒီဇင်ဘာ ၇


လေးမျက်နှာမြို့နယ် ကြီးပေါက်ကုန်းကျေးရွာအုပ်စု ကင်းမွန်ချောင်းလူကူးတံတားကို သံကူကွန်ကရစ် နှစ်လမ်းသွားတံတားအဖြစ် တည်ဆောက်မည်ဖြစ်ကြောင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။


အဆိုပါတံတားသည် ကင်းပွန်ချောင်းကို ဖြတ်ကျော်၍ လေးမျက်နှာ-ပန်းတောကြီး လမ်းမကြီးနဲ့ ဆက်သွယ် ပေးထားသော တံတားတစ်ခုဖြစ်ပြီး အရှည်ပေ ၈၀၊ အကျယ် ၂၀ပေ ရှိ Bored pile အုတ်မြစ် သံကူကွန်ကရစ် အမျိုးအစားဖြစ်၍ ယာဉ်တစ်စီးချင်း ၄၈တန် ခံနိုင်ဝန်ရှိကြောင်း၊ ယခုအခါ၌ Soil test (မြေစမ်းသပ်ခြင်း) လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ မြေစမ်းသပ်ပြီးပါက တံတား Design ပုံစံရေးဆွဲပြီးနောက် လာမည့်၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ(၃၆၀)သန်းဖြင့် ကျခံဆောင်ရွက်နိုင်ရေး ဒုတိယ ဦးစားပေးအဆင့်ဖြင့် တင်ပြထားပါကြောင်း သိရသည်။ တံတားကြီး တည်ဆောက်ပြီးစီးသွားပါက အကျိုးပြု ကျေးရွာ(၉)ရွာ၊ အိမ်ခြေ(၁၀၆၄) အိမ် ၊ လူဦးရေး(၅၀၅၇)ဦးခန့် အကျိုးနိုင်ကြောင်း သိရသည်။


သတင်း - ကျော်ဟိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)