လင်းခေးတွင် (၂၁၁၇ခုနှစ်) ရှမ်းနှစ်သစ်ကူးပွဲတော်၊ ကောက်ဦးအလှူပွဲနှင့် (၂၀၂၁-၂၀၂၂)ဓမ္မစကူးလ်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လင်းခေးတွင် (၂၁၁၇ခုနှစ်) ရှမ်းနှစ်သစ်ကူးပွဲတော်၊ ကောက်ဦးအလှူပွဲနှင့် (၂၀၂၁-၂၀၂၂)ဓမ္မစကူးလ်ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ




MNP - ဒီဇင်ဘာ ၇


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၏ ၂၁၁၇ခုနှစ် ရှမ်းနှစ်သစ် ကူးပွဲတော်၊ ကောက်ဦးအလှူပွဲနှင့် ၂၀၂၁-၂၀၂၂ ဓမ္မစကူးလ်သင်တန်းအောင်လက်မှတ်နှင့် ဆုချီးမြှင့်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၅နာရီက လင်းခေးမြို့၊ မဟာဝိဟာ ရပရိယတ္တိစာသင်တိုက်၊ ကျောင်းကြီးကျောင်း ပုရိဝုဏ်အတွင်း ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရ(ကမ္မဌာန်းကျောင်းတိုက်ဆရာတော်)၊ လင်းခေးခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနှင့် မြို့နယ်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းနော်မှိုင်းတို့က ဖဲကြိုးဖြတ်၍ အခမ်းအနားကို ဖွင့်လှစ်လိုက်ပါသည်။


ဆက်လက်ပြီး ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရက အဖွင့်ဩဝါဒမြွက်ကြားပေးပါသည်။ ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက အဖွင့်နှုတ်ခွန်းဆက်အမှာစကား ပြောကြားခြင်းနှင့် ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌက ပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်သည်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။


ထို့နောက် မြို့နယ်အတွင်းရှိ ရှမ်းတိုင်းရင်းသားလူငယ်မောင်မယ်များ စုပေါင်း၍ ရှမ်းနှစ်သစ်ကူးတေးသီချင်း ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ယင်းနောက် ခရိုင်အုပ်ချုပ် ရေးမှူးနှင့် တက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက


ရပ်ကွက်နှင့်ကျေးရွာများအသီးသီးမှ ဓမ္မစကူးလ်သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများ စုစုပေါင်း(၆၀၀)ဦးအား သင်တန်း အောင်လက်မှတ်နှင့် ဂုဏ်ပြုလွှာများအား တစ်ဦးချင်းစီအလိုက် အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။


ဆက်လက်၍ အဆိုပါပွဲတော်အထိမ်းအမှတ်အဖြစ် ရှမ်းတိုင်းရင်းသားရိုးရာအက ပဒေသာများ ကပြဖျော်ဖြေတင်ဆက်ခြင်း၊ ကောက်ဦးအလှူများဆက်ကပ်လှူဒါန်းခြင်းနှင့် ပွဲတော်ကျင်းပရေးကော်မတီနှင့် တာဝန်ရှိသူတို့ ပူးပေါင်းကာ စက်ဘီးစီးပြိုင်ပွဲ၊ ပိုက် ကျော်ခြင်းလုံးပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ကြပါသည်။


ပွဲတော်အား ဖော်ပြပါအစီအစဉ်များဖြင့် ယနေ့ညအထိ(နှစ်ညတာ) စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေး ကော်မတီတာဝန်ရှိသူထံမှ သိရသည်။


သတင်း - စိုင်းဇော်လတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)