မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ



MNP - ဒီဇင်ဘာ  ၄


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်း လမ်းလျှောက်ပွဲ၏ ပထမအပတ် ပထမရက် အနေဖြင့် ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။


လမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား /ကျောင်းသူများ၊ အားကစားလိုက်စားသည့် ပြည်သူများ စုစုပေါင်းအင်အား(၅၀၀)ဦးခန့်က ပြည်သူ့အားကစားကွင်းအား (၅)ပတ် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး၊ ကိုယ်ကာယ လေ့ကျင့်ခန်းအတွဲ(၁)၊ အတွဲ(၂)နှင့် ကိုယ်လက်လှုပ်ရှားအားကစားများ စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲ အထိမ်းအမှတ်အနေဖြင့် စက်ဘီး(၁)စီးအား ကံစမ်းမဲဖောက်ပေးခဲ့ပြီး ကောက်ညှင်းပေါင်းနှင့် အကြော်များဝေငှပေးခဲ့ကြောင်း သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)