ညောင်ဦးမြို့၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု ပထမပတ် လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု ပထမပတ် လမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်



MNP - ဒီဇင်ဘာ ၄


မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ဒီဇင်ဘာလ အားကစားလှုပ်ရှားမှု ပထမပတ် လမ်းလျှောက်ခြင်းကို ယမန်နေ့ နံနက် ၆ နာရီအချိန်က ညောင်ဦးမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း ဘောလုံးကွင်းအားပတ်၍ စုပေါင်းလမ်းလျှောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဒီဇင်ဘာ အားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ခြင်းအား ညောင်ဦးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးဆောင်ကာ ညောင်ဦးမြို့၊ပြည်သူ့အားကစားကွင်းအတွင်း ညောင်ဦးခရိုင် အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပရဟိတအသင်းသူ အသင်းသားများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ပါဝင်လမ်းလျှောက်ခဲ့ကြကာ ဘောလုံးကွင်းအတွင်း ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခန်း အတွဲ-၁၊ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း အတွဲ-၂ တို့အား စုပေါင်းပြုလုပ်ခဲ့ကြပြီး အကြောလျှော့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ စုပေါင်းလမ်းလျှောက်ကြရာသို့ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၅၅၀)တို့ဖြင့် စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။


သတင်း - ဦးဝင်းထိန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)