MNP - ဒီဇင်ဘာ ၂၃
မအူပင်ခရိုင်၊ မအူပင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ဧရာဝတီတိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်မြေပြင်ကွင်းဆင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ ကော်မတီအတွင်းရေးမှူး ဦးကိုကိုကျော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် စာရင်းဇယားများတိကျမှန်ကန်စေရေး စာတွေ့/လက်တွေ့သင်ကြားပြသပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်နိုင်အေးက သင်ခန်းစာများအား သင်ကြားပို့ချရာ မအူပင်ခရိုင်အတွင်းရှိ သင်တန်းသား/သင်တန်းသူ (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment