MNP ၊ ဒီဇင်ဘာ ၂၃
ယခုနှစ် ၁၁လတာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာသင်္ဘောလိုင်းများမှ ကုန်သေတ္တာတင်သင်္ဘော ၅၆၆စင်း ဝင်ရောက်ခဲ့ပြီး ဆိပ်ကမ်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကုန်သေတ္တာတင်သင်္ဘောများ ဝင်ရောက်မှုအခြေအနေနှင့် ပတ်သက်၍ ဇန်နဝါရီလတွင် ၄၉စင်း၊ ဖေဖော်ဝါရီလတွင် ၄၈စင်း၊ မတ်လတွင် ၅၀စင်း၊ ဧပြီ ၅၂စင်း၊ မေလတွင် ၅၄စင်း၊ ဇွန်လတွင် ၅၃စင်း၊ ဇူလိုင်လတွင် ၄၉စင်း၊ သြဂုတ်လတွင် ၅၅စင်း၊ စက်တင်ဘာလတွင် ၅၅စင်း၊ အောက်တိုဘာလတွင် ၅၀ စင်း နှင့် နိုဝင်ဘာလတွင် ၅၁စင်း ဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကုန်သေတ္တာတင်သင်္ဘော ၃၄ စင်း ဝင်ရောက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ထပ်မံ၍ ကုန်သေတ္တာတင်သင်္ဘော ၅၄စင်း ဝင်ရောက်ရန်ရှိပြီး ရန်ကုန်မြစ်အတွင်း ရေလမ်းကြောင်းအသစ် ရှာဖွေတွေ့ရှိမှုကြောင့် ရေစူးကန့်သတ်ချက် တိုးမြှင့် ခွင့်ပြုထားပြီး သီလဝါဆိပ်ကမ်းသို့ ရေစူး ၁၀မီတာရှိသော နိုင်ငံတကာပင်လယ်ကူးသင်္ဘောများ ဝင်ထွက်သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
၂၀၂၁ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်စေရန် Maersk Myanmar (Sealand Maersk) သင်္ဘောလိုင်းမှ ကုန်သေတ္တာတင်သင်္ဘော အသစ်သုံးစီး စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment