က​လေးဝမြို့တွင်​(၇၅) နှစ်​မြောက်​စိန်​ရတု လွတ်​လပ်​ရေး​နေ့အကြို စာအုပ်​စာ​စောင်​ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

က​လေးဝမြို့တွင်​(၇၅) နှစ်​မြောက်​စိန်​ရတု လွတ်​လပ်​ရေး​နေ့အကြို စာအုပ်​စာ​စောင်​ပြပွဲပြုလုပ်


MNP   -   ဒီဇင်​ဘာ ၂၃

စစ်​ကိုင်းတိုင်း​ဒေသကြီး က​လေးဝမြို့တွင်​၂၀၂၃ ခုနှစ်​၊ ဇန်​နဝါရီ ၄ ရက်​နေ့၌ ကျ​ရောက်​မည့်​(၇၅) နှစ်​မြောက်​စိန်​ရတု လွတ်​လပ်​ရေး​နေ့ကို ကြိုဆိုဂုဏ်​ပြု​သောအားဖြင့်​စာအုပ်​စာ​စောင်​ပြပွဲကို ယ​မန်နေ့ နံနက်​၉ နာရီက ပြန်​ကြား​ရေးနှင့်​ပြည်​သူ့ဆက်​ဆံ​ရေးဦးစီးဌာန၊ မြို့နယ်​ရုံး​ရှေ့၌ ပြုလုပ်​ခဲ့သည်​။


အဆိုပါ  (၇၅) နှစ်​မြောက်​စိန်​ရတု လွတ်​လပ်​ရေး​နေ့အကြို စာအုပ်​စာ​စောင်​ပြပွဲတွင်​ပညာရပ်​အမှတ်​(၀၀၀)မှ ပညာရပ်​အမှတ်​(၉၀၀) အတွင်းရှိ အ​ထွေ​ထွေ၊ ဒဿနိက​ဗေဒ၊ ဘာသာအယူဝါဒ၊ လူမှု​ရေးသိပ္ပံ၊ ဘာသာစကား၊ ရိုးရိုးသိပ္ပံ၊ အသုံးချသိပ္ပံ၊ စာ​ပေ၊ နိုင်​ငံ​ရေးစာအုပ်​များ၊ မဂ္ဂဇင်း၊ ဂျာနယ်​၊ ရုပ်​ပြစာအုပ်​များကို ပြသထားရာ စာ​ပေဝါသနာရှင်​များ​ ကျောင်းသား​ကျောင်းသူက​လေးများက စိတ်​ပါဝင်​စားစွာ​လေ့လာကြည့်​ရှုခဲ့​ကြောင်း သိရသည်​။


သက်​ဟန်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)