လဲချားတွင် သံဃာ့ကိုယ်စားလှယ် အစားထိုးရွေးချယ်ပွဲနှင့် သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လဲချားတွင် သံဃာ့ကိုယ်စားလှယ် အစားထိုးရွေးချယ်ပွဲနှင့် သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ



MNP - ဒီဇင်ဘာ   ၄


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် သံဃာ့ကိုယ်စားလှယ် အစားထိုးရွေးချယ်ပွဲနှင့် သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ဟော်ခမ်းကျောင်းတိုက်တွင် ကျင်းပခဲ့ပါသည်။


အဆိုပါ အခမ်းအနားတွင် သဘာပတိဆရာတော်က သြဝါဒကထာ မြွက်ကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးစိုင်းထွန်းဦးမှ သာသနာရေးဆိုင်ရာများ လျှောက်ထားကာ သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် သံဃာ့သမ္မုတိရ သံဃာ့ကိုယ်စားလှယ်များအား ဘွဲ့အမည်စာရင်းကို သာဓု(၃)ကြိမ် ခေါ်ဆို အတည်ပြုပေးခဲ့သည်။


ထို့နောက် သဘာပတိဆရာတော်က နိဂုံးချုပ်သြဝါဒမြွက်ကြားကာ “ဗုဒ္ဓသာသနံ စိရံ တိဌတု” (၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)