ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း ကူညီဆောင်ရွက်ပေးသည့် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များမှ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း ကူညီဆောင်ရွက်ပေးသည့် လူမှုကူညီရေးအသင်းများနှင့် ပရဟိတအဖွဲ့များမှ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်



MNP - နိုဝင်ဘာ  ၃၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီအဖွဲ့နှင့် ပူးပေါင်း ကူညီဆောင်ရွက်ပေးသည့် လူမှုရေးအသင်းများ၊ ပရဟိတအဖွဲ့များမှ အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။


ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ပူးပေါင်းပါကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကြည်ဖြူချမ်းမြေ့ လူမှုညီရေးအသင်း၊ အဖြူရောင်လူငယ် ပရဟိတအသင်း၊ အိုအေစစ် လူမှုကူညီရေးအသင်း၊ မာဃလုလင် လူမှုကူညီရေးအသင်း၊ နောင်တရားဒေသ လူငယ်ပရဟိတအဖွဲ့၊ နောင်တရား Ambulance ပရဟိတအဖွဲ့၊ မျိုးဆက်သစ် လူမှုကူညီရေးအသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ နောင်တရားမြို့အုပ်ချုပ်ရေးမှူးနှင့် ပေါင်းလောင်းမြို့အုပ်ချုပ်ရေးမှူးတို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


သတင်း - ခွန်အာကာစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)