MNP ဒီဇင်ဘာ ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တောင်ပေါ်ကျေးရွာတွင် စိုက်ပျိုးထားရှိသည့် သီးမွေးတစ်သျှူးငှက်ပျောစိုက်ခင်းအောင်မြင်ဖြစ်ထွန်းမှုအား ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦး ဦးဆောင်သည့် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ သီးမွှေးတစ်သျှူးငှက်ပျောကို ပြည်ထဲရေးဝန်ကြီးဌာနမှ ဌာနလက်အောက်ရှိ တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများနှင့် မှီခိုမိသားစုများ စားသုံးနိုင်ရေးအတွက် စိုက်ပျိုးရန်ပျိုးပင်များ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းနှင့် ဖားဆောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သီးမွှေးတစ်သျှူးငှက်ပျောပင်အပင်(၂၀၀)ကို တောင်ပေါ်ကျေးရွာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနစိုက်ခင်းတွင် စိုက်ပျိုးထားခြင်းဖြစ်ကြောင်းနှင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment