MNP - ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြိုဟောပြောပွဲကို ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မန်တုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ယုယုအောင်နှင့် ဒုတိယဦးစီးမှူး ဒေါ်လွေးအေးတင်တို့က လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိများ၊ လွတ်လပ်ရေးအရယူခဲ့သော ခေါင်းဆောင်များ သူ့ကျွန်ဘဝမှ လွတ်မြောက်အောင် လွတ်လပ်ရေးအရ ယူကျိုးပမ်းဆောင်ရွက်ခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများအား ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မှတ်မှတ်ထင်ထင်ရှိစေရန်နှင် လေးစားအတုယူဖွယ် ကောင်းကြောင်းဟောပြောခဲ့ရာ ခြေခံအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၂) ဦး တက်ရောက်ခဲ့ပါသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment