ထားဝယ်ပညာရေးဒီဂရီကောလိပ် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းမောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်ပညာရေးဒီဂရီကောလိပ် ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းမောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်



MNP - ဒီဇင်ဘာ ၁၄


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၏ ပထမနှစ်(ပထမနှစ်ဝက်) သင်တန်း၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်သည်။


ရှေးဦးစွာ အခမ်းအနားကို သင်တန်းသူများ က “နှလုံးသားကို အလှဆင်ပါ" သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းကနေ လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ပေးမည့် ဆရာ၊ ဆရာမလောင်းများအား ကြိုဆိုပါကြောင်း၊ မိမိဒေသကိုချစ်မြတ်နိုးပြီး ဒေသအတွင်း ဆရာ/ဆရာမ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ဘွဲ့ရဆရာ၊ ဆရာမများ ပေါ်ထွန်းလာမှာဖြစ်သောကြောင့် ဂုဏ်ယူမိကြောင်း၊ နိုင်ငံတော်၏ မျှော်မှန်းချက်များကို ပြည့်မီအောင် အဓိကအခန်း ကဏ္ဍကတာဝန်ယူနေသူများသည် ဆရာများဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးသော အရင်းအနှီးဟာပညာရေးဖြစ်ကြောင်း၊ ပညာသည်မကုန်ခမ်းနိုင်သောအရင်းအနှီးဖြစ်သည့် အတွက် ပညာရေးအဆင့်အတန်းမြင့်မားအောင် နိုင်ငံတော်အနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ ပြောင်းလဲရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေး ဒီဂရီကောလိပ်တွင်လေးနှစ်တာ ပညာသင်ယူပြီး B.Sc (Education)၊ B.A (Education)ဘွဲ့ရသူများဖြစ်လာ သည့်အခါ အနာဂတ်မျိုးဆက်သစ်များ၏ သင်ကြားသင်ယူမှုများကို ထိရောက်စွာပံ့ပိုးကူညီပေးနိုင်မည်ဟု ယုံကြည်ကြောင်း၊ အေးချမ်းသာယာသော  လူ့ဘောင်အဖွဲ့အစည်းဖြစ်ပေါ်ရေးအတွက် ဆရာတစ်ဦး၏ အခန်းကဏ္ဍသည် အရေးကြီးပြီး ဆရာတစ်ဦးဖြစ်ရန် အခြေခံကျသော နာသုံးနာမဖြစ်မနေရှိရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝနှလုံးလှ သူများအဖြစ်လောကကောင်းကျိုးသယ်ပိုး  ဆောင်ရွက်နိုင်သူများဖြစ်အောင် ကြိုးစားကြရန်၊ ပညာရေးနှင့်ဆရာ အတတ်ပညာများကို အမြဲတမ်းဖတ်ရှု လေ့လာခြင်း၊ ဆွေးနွေးခြင်းတို့ဖြင့်မိမိ၏ပညာရည် မြင့်မားတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ကြရန်၊ ကျန်းမာပျော်ရွှင်စွာ ဖြင့် ပညာကို ကြိုးစားသင်ယူကြရန်လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်ထားဝယ်ပညာရေးဒီဂရီကောလိပ်၊ ကျောင်းအုပ်ကြီးဒေါ်နီနီသန်းက ပထမနှစ် (ပထမနှစ်ဝက်) သင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီးမှ ကျောင်းသား/ကျောင်းသူ တက်ရောက်မှုအခြေအနေများ၊ သင်တန်းနှင့်ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားသည်။


၎င်းနောက် ကျောင်းသား/ကျောင်းသူများက “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်" သီချင်းဖြင့် တင်ဆက်ကပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးပြီး သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)