နွားထိုးကြီးမြို့နယ် လျှပ်စစ်မှ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး ကြိုးပမ်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နွားထိုးကြီးမြို့နယ် လျှပ်စစ်မှ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေး ကြိုးပမ်းဆောင်ရွက်



MNP - ဒီဇင်ဘာ  ၁၄


မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်း မီးသုံးသူပြည်သူများ၏ ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းရေးအတွက် လိုင်းဝန်ထမ်းများက မြို့နယ်အတွင်း ဓာတ်အားလိုင်းတစ်လျှောက်ရှိ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ၃၃/၁၁ ကေဗွီ နွားထိုးကြီးမြို့နယ်ခွဲရုံမှ ၁၁ ကေဗွီဖီဒါ (၃) ဓာတ်အားလိုင်မှ ဓာတ်အားပို့လွတ်ထားသော ကံနှောင်း၊ လုံးတော၊ သမန်းတော ကျေးရွာများရှိ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ဝိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - သန်းအောင်ဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)