MNP - ဒီဇင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသားအားကစားပွဲတော် ကျင်းပနိုင်ရေး မြို့နယ်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစား လူရွေးပြိုင်ပွဲအား ယမန်နေ့နံနက် ၁၀ နာရီအချိန်မှစတင်၍ မြို့မပြည်သူ့ဘောလုံးအားကစားကွင်း၌ ဆောင်ရွက်သည်။
အဆိုပါ အားကစားလူရွေးပြိုင်ပွဲတွင် မီတာ (၁၀၀)၊ မီတာ (၂၀၀)၊ မီတာ (၄၀၀)၊ မီတာ (၈၀၀)အပြေးပြိုင်ပွဲများ၊ တန်းမြင့်ခုန်၊ အလျားခုန်၊ သုံးဆင့်ခုန်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော (ကျား/မ)နှင့် ဘောလုံးအားကစား(ကျား/မ)ပြိုင်ပွဲများပါဝင်ပြီး မြို့နယ်အတွင်းရှိဇုံ (၁၂) ဇုံမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ခန့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သတင်း - အောင်အောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment