MNP - ဒီဇင်ဘာ ၄
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင် သန်စွမ်းရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ ပြည်သူ့အားကစားကွင်းအတွင်း၌ ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျုံပျော်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်း၊ ခရိုင်ဒုတိယ အုပ်ချုပ်ရေးမှူး ဒေါ်ယဉ်ဝင်းစောနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်ပြည်သူများ စုပေါင်း၍ မြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း စုပေါင်းလမ်းလျှောက်ကြပြီး၊ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို စုပေါင်းပြုလုပ်ခဲ့ကြသည်။
ထိုသို့ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းကို ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့များဖြစ်သော (၃၊၁၀၊၁၇၊၂၄၊၃၁) နေ့များတွင် လူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - လပြည့်ဦး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment