နေပြည်တော်၊ ဒီဇင်ဘာ ၁၅
ကယားပြည်နယ်၊ လွိုင်ကော်မြိုနယ်၊ လောပိတ(ရှမ်းရွာ) ကျေးရွာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့က လျော်ကြေး လာတောင်းသည့် သားအမိနှစ်ဦးအား လျော်ကြေးပေးရမည့်သူများက ဓားနှင့်ခုတ်သည့် ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအတွက် လျော်ကြေးတောင်းရန် ဒေါ်နန်းအောင် ၅၅နှစ်နှင့် သားဖြစ်သူ မောင်စိုင်းထက်ကျော် ၁၉နှစ်တိုသည် လောပိတ (ရှမ်းရွာ)သွားရောက်ခဲ့ပြီး ရောက်ရှိချိန်တွင် နှစ်ဦးနှစ်ဖက် အချင်းများကာ လျော်ကြေးပေးရမည့်ဘက်မှ အမျိုး သားတစ်ဦးမှ အဆိုပါ သားအမိအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို ဓားဖြင့် အခုတ်ခံရမှုကြောင့် ဒေါ်နန်းအောင်တွင် လက်ကောက်ဝတ်ထက်ပိုင်းပြတ်သွားခဲ့ပြီ မောင်စိုင်းထက်ကျော်တွင် နောက်စေ့နှင့် မျက်ခုံး ပြတ်ရှဒဏ်ရာများရရှိခဲ့၍ လိုအပ်သည်များပြုစုပေးကာ လောပိတတိုက်နယ်ဆေးရုံမှ လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရွှေလွိုင်ကော်ပရဟိတအသင်းမှ သိရသည်။
Photo - ရွှေလွိုင်ကော်ပရဟိတအသင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment