MNP ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ(၁၅)ရက်နေ့တွင်ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်ကဖတ်ကြားခဲ့သည်။ ဆက်လက်၍ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး ၂၀၂၁ခုနှစ် ဗီယက်နမ်နိုင်ငံတွင်ကျင်းပခဲ့သည့် (၃၁)နှစ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်ပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့သည့် အားကစားသမား မချစ်ဖူးငုံအား ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ရခိုင်ရိုးရာအကဖြင့် ဖျော်ဖြေတင်ဆက် ပိတ်သိမ်းခဲ့ကြောင်း သိရသည် ။အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများ၊ ရခိုင်ရိုးရာအကအဖွဲ့ နှင့်ဆရာမများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အားကစားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost




No comments:
Post a Comment