MNP ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲကို ယနေ့ နံနက် ၈ နာရီ အချိန် သီရိမင်္ဂလာခန်းမ၌ ကျင်းပ ပြု လုပ် ရာ နယ်မြေခံ အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ တိုင်း ရင်းသားရိုးရာ အကယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီး၍ ရတုဖြင့် ဖွင့်လှစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေး ပို့ သော (၄၈)နှစ်မြောက် ရခိုင် ပြည်နယ် နေ့ သဝဏ်လွှာအား မြို့နယ်စီမံ အုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ဖတ်ကြားခဲ့ပြီး (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်း အမှတ် ၊ အထက် တန်း ၊ အ လယ်တန်း အဆင့် စာစီစာကုံး နှင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများအား နယ်မြေခံ အမှတ်(၁၅)စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူး ချုပ် သူရိန်ထွန်း ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ နှင့် တာဝန်ရှိသူများ က ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် ရခိုင်ရိုးရာယိမ်းအဖွဲ့မှ (သျှင်ဒိုင်အက)ဖြင့် လည်းကောင်း ၊ သက်တိုင်းရင်းသား အကဖြင့် လည်း ကောင်း ၊ မြိုတိုင်းရင်းသားအကဖြင့် လည်းကောင်း ၊ ရခိုင်ရိုးရာယိမ်းအဖွဲ့မှ (လေးဝတီ)သီချင်းများဖြင့် ကပြ ဖျေိာ် ဖြေ ပေးခဲ့ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြသည်။
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ် နေ့ အထိမ်းအမှတ် အဖြစ် ကျင်းပပြု လုပ်မည့် အားကစား ပွဲများ ဖြစ်သော ချော တိုင်တက်ပွဲ ၊ လှံဆွဲပွဲများ အား မြို့မအားကစားကွင်း အတွင်း ယနေ့ နေ့လယ် ၃ နာရီအချိန်တွင် ကျင်းပ ပြုလုပ် မည် ဖြစ်ပြီး အနိုင်ရရှိ သည့် အဖွဲ့များကိုလည်း ဆုများ အသီးသီးချီးမြှင့်ပေးမည် ဖြစ်သည်။ ယင်းနောက် ညနေပိုင်းတွင် သီရိ မင်္ဂလာ ခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ရခိုင်မုန့်တီ နှင့် ဒေသအစားအစာများ စတုဒီသာ ကျွေးမွေး မည်ဖြစ်ပြီး ခန်းမအတွင်း တေးသံရှင်များ နှင့် ဝါသနာရှင်အဆိုတော်များက တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေ မည်ဖြစ် ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန်
https://t.me/MyanmarNationalPost





No comments:
Post a Comment