မအီမြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းကြိုကလေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းကြိုကလေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ







MNP ၊ ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌနမှ ကြီးမှူးကျင်းပသည့် မအီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မအီ မူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါမူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ပုက အဖွင့်အမှာစကားပြောကြားပြီး ကြက်ကိုင်းကျောင်းတိုက်၊ ပဓာနနာယကဆရာတော် အရှင်ဥတ္တမဝံသက ဩဝါဒအမှာစကားပြောကြားခဲ့သည်။ ထို့နောက် တောင်ကုတ်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေတင့်က လူမှုဝန်ထမ်းဌာန၏ ဆောင်ရွက်ချက်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကာယစွမ်းရည်ပြိုင်ပွဲ၌ ပါဝင်သော အားကစားပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မအီမူလတန်းကြိုကျောင်းမှ မူကြိုကလေးငယ်များက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


မအီမူလတန်းကြိုကျောင်းမှာ ယခင်က မိဘများ၏ထောက်ပံ့မှုဖြင့် ရပ်တည်နေရသည့် ကိုယ့်အားကိုယ်ကိုးမူကြိုအနေဖြင့် ရှိခဲ့ရာမှ ၂၀၁၉- ခုနှစ်မှ စတင်၍ လူမှုဝန်ထမ်းဦးစီးဌာန၏ အစိုးရမူကြိုအဖြစ် တရားဝင်ချမှတ်ခဲ့ပါကြောင်း၊  ကလေးများ၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးနှင့် ဉာဏ်ရည်ဖွံ့ဖြို့မှုများရှိလာစေရေးတို့အတွက် ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ ကျောင်းဆင်းပွဲအခမ်းအနားနှင့် မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားပွဲများကို မအီမူလတန်းကြိုကျောင်းအနေဖြင့် နှစ်စဉ်ဆောင်ရွက်ပေးပါကြောင်းတို့ကို အဆိုပါ မူကြိုကျောင်းမှ တာဝန်ခံဆရာမ ဒေါ်မိုးသူဇာဝင်းက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)