သံလွင်တံတား (မော်လမြိုင် - မုတ္တမ) မြစ်ကူးတံတားကြီးအနီး (အောက်) မုတ္တမဘက်ကမ်းရှိ မြေလွတ်များကို ခြံကွက်များ ဖော်ထုတ်ရောင်းဝယ် လုပ်ကိုင်နေကြသဖြင့် တားမြစ်အရေးယူ ပေးနိုင်ပါရန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံလွင်တံတား (မော်လမြိုင် - မုတ္တမ) မြစ်ကူးတံတားကြီးအနီး (အောက်) မုတ္တမဘက်ကမ်းရှိ မြေလွတ်များကို ခြံကွက်များ ဖော်ထုတ်ရောင်းဝယ် လုပ်ကိုင်နေကြသဖြင့် တားမြစ်အရေးယူ ပေးနိုင်ပါရန်










အယ်ဒီတာချုပ်ခင်ဗျာ -

ကျွန်တော်တို့ မွန်ပြည်နယ်ရှိ သံလွင်တံတား (မော်လမြိုင် - မုတ္တမ) မြစ်ကူးတံတားကြီးအနီး (အောက်) မုတ္တမဘက်ကမ်းရှိ မြေလွတ်များကို ခြံမြေကွက်များ ဖော်ထုတ်ရောင်းဝယ် လုပ်ကိုင်နေကြသဖြင့် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူများသိရှိ တားမြစ်အရေးယူ ပေးနိုင်ရေးအတွက် သတင်းတင်ပြပေးပါရန် လေးစားစွာဖြင့် အကူအညီတောင်းခံအပ်ပါသည်။


ခြံမြေကွက်များဖော်ထုတ် ရောင်းချနေသော မြေနေရာကား သံလွင်တံတာကြီးအောက်၊ မုတ္တမဈေးနှင့် ယခင်တံတားလုံခြုံရေး ရေကင်းဆိပ်ကမ်းဂိတ် အကြား၊ မီးရထားဝန်ထမ်းဟောင်းအိမ်ယာများနှင့် ကပ်လျှက်ရှိပြီး တံတားပေါ်မှ ဖြတ်သန်းသူတိုင်း မြင်တွေ့နိုင်သည့် တံတားလုံခြုံရေး အရ ချန်လပ်ထားသည့် နေရာဖြစ်ပါသည်။


၎င်းမြေလွတ်များကို  လူတစ်စုမှ မီးရထား ဝန်ထမ်း မြိုပြကြီးကြပ်အဖွဲ့အာဏာပိုင်များနှင့် ပူးပေါင်းကာ ခြံမြေကွက်များကို တရားဝင် လုပ်ကိုင်ခွင့်ရရှိထားသကဲ့သို ဖော်ထုတ်ရောင်းချ လုပ်ကိုင်လျှက်ရှိနေကြပါသည်။

   

ယင်းမြေများသည် တံတားကြီး မတည်ဆောက်ခင်အချိန်က လယ်ယာစိုက်ပျိုးခဲ့သည့် လယ်မြေများဖြစ်ပါသည်။ တံတားတည်ဆောက်ချိန်တွင် မလွတ်ကင်းပါသဖြင့် မြေများကို လျော်ကြေးပေး၍ သိမ်းယူခဲ့ကြောင်း သိရပါသည်။

တံတားတည်ဆောက်ပြီးချိန်တွင်လည်း  နိုင်ငံတော်မှ ပြန်လည်စွန့်လွှတ်ပေးခဲ့သည်ဟု မကြားရပါ။ ယခုလုပ်ကိုင်နေသည့်မြေနေရာအတွက် လုပ်ကိုင်ကြသူ လူတစ်စုအတွက် တာဝန်ရှိသူတချို့က  မြေများကိုပြန်လည်လုပ်ကိုင်ခွင့် ရသကဲ့သို့ လယ်မြေကို ဥယျာဉ်ခြံမြေ  အဖြစ်ပြောင်းကာ မြေယာလုပ်ကိုင်ခွင့် လက်မှတ်များထုတ်ပေးခဲ့ကြောင်း သိရပါသည်။


၎င်းတို့အနေဖြင့် ခြံကွက်များ မြေဖို့လုပ်ကိုင်နေခြင်းကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ဌာနအဖွဲစုံ့ရောက်ရှိ စစ်ဆေးခဲ့ကြပါသည်။ သထုံခရိုင်ရုံးတွင်လည်း ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။


ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ စစ်ဆေးမေးမြန်းခဲ့ပြီးမှ ခြံမြေကွက်များတွင် ခြံဝင်းခတ်ခြင်း၊ နှစ်ထပ်အိမ်၊ တစ်ထပ်အိမ်များ ဆောက်လုပ်ခြင်းတို့ ပေါ်ထွက်လာပါသည်။ စစ်ဆေးခြင်း၊ တားမြစ်ခြင်းများလည်း မရှိတော့ပါ။


ထိုကဲ့သို့ ဖြစ်ပွားနေသည့် အများပြည်သူ အသုံးပြု သွားလာနေသည့် တံတားအနီး လူပေါင်းစုံ ဝင်ရောက်နေထိုင်လာသည့်အခါ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာအခြေအနေကို အလေးမထားပါဘဲ  ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့ကြသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲတို့ မည်သို သုံးသပ်ဆုံးဖြတ်ချက်ပေးခဲ့ကြသည်ကိုလည်း ပြည်သူများအနေဖြင့် မသိရပါ။ အဆိုပါ နေရာများတွင် မူလက တံတားတည်ဆောင်နိုင်ရေးအတွက် စွန့်လွှတ်ပေးခဲ့ကြသော တောင်သူများ ရှိခဲ့ပါသည်။ ထိုသို့ တောင်သူများကို ပြန်လည်လုပ်ကိုင်ခွင့် ပြုခြင်းမျိုးမဟုတ်ဘဲ မြေကွက်ရိုက်ရောင်းချနေမှုများ၊ တံတားအောက်ခြေအနေီးတွင် တိုက်တာအိမ်ယာများ ဆောက်လုပ်မည်ဆိုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို တွက်ဆ၍ အမြန်ဆုံး တားမြစ်ပေးစေလိုပါသည်။ 


အဆိုပါမြေနေရာတွင် ထိုကဲ့သို့ လုပ်ငန်းဖော်ဆောင်နေခြင်းနှင့် ပတ်သက်၍ ပြည်နယ်ဆိပ်ကမ်း အာဏာပိုင်များက တားမြစ်ခဲ့သည်ဟု သိရှိရပါသည်။ အိမ်ယာဖော်ထုတ် ရောင်းချခွင့် ပြုထားသည်ဆိုလျှင် ဒေသခံပြည်သူများ သိရှိအောင် ထုတ်ပြန်ကြေညာပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။


တာဝန်သိ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)