MNP ၊ ဒီဇင်ဘာ ၁၅
(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားနှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့၊ နံနက်(၈)နာရီက ပုဏ္ဏားကျွန်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို၊ ခမီ၊ မာရမာကြီးစသည့် ရခိုင်မျိုးနွယ်စုများနှင့်ဆုရ ကျောင်းသား/သူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက ဖတ်ကြားခဲ့ပြီး၊ (၄၈)နှစ်မြောက် ရခိုင်ပြည် နယ်နေ့ အထိမ်း အမှတ်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ထက်၊ လယ်၊ မူ အဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲတို့၌ ဆုရရှိခဲ့သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost







No comments:
Post a Comment