တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဉာဏစွမ်းရည်ပြိုင်ပွဲများ ပြုလုပ်





MNP ၊ ဒီဇင်ဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံး ၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင်(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ကျောင်းသူ လူငယ်များ ၏ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

ဉာဏစွမ်းရည်ပြိုင်ပွဲများပြုလုပ်ရာတွင် ဒုတိယဦးစီးမှူး ဒေါ်သန်းနု က ကျောင်းသား၊ကျောင်းသူ လူငယ်များ၏ ဖန်တီးမှုစွမ်းရည်နှင့်အတွေးအမြင်များမြင့်မားလာစေရေးအတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ် ကြောင်းပြောကြား ပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အပ်နဖါးထိုးပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အခြေခံပညာအလယ်တန်း ကျောင်းမှ Grade-5 နှင့် Grade-4 အတန်းများမှ ကျောင်းသား ၊ကျောင်းသူ (၂၅)ဦးမှဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲဝင်များသို့ ဆုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)