“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကြည့်ရှုအားပေး







ဟိုပန်  ဒီဇင်ဘာ ၂

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၃ခုနှစ်၊စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟိုပန်မြို့နယ်၊ အခြေခံပညာ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲကိုဒီဇင်ဘာလ ၂ ရက်နေ့တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များနှင့်အတူ ကောင်းကော်ကျေးရွာတွင် ပြုလုပ်သည့် အခြေခံပညာမူလတန်းဆင့်ဘောလုံးပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ပါသည်။


ဆက်လက်၍ ဥက္ကဋ္ဌသည် မြို့မအားကစားကွင်း မိုးလုံလေလုံအားကစားခန်းမတွင် ပြုလုပ်သည့် ကျောင်းပေါင်းစုံ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲကို ကြည့်ရှုအားပေးပါသည်။ အဆိုပါကျောင်းပေါင်းစုံအားကစားပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊လှံတံပစ်ပြိုင်ပွဲ၊အပြေးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲစသည်ဖြင့် အားကစား(၁၆)မျိုးကို ယှဉ်ပြိုင်သွားမည်ဖြစ်သည်။


ပြိုင်ပွဲကို ဒီဇင်ဘာလ ၂ ရက်နေ့မှ ၆ ရက်နေ့ထိ ပြုလုပ်သွားမည်ဖြစ်ပြီး ဟိုပန်မြို့နယ်တွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများက ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဆုများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့က ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)