ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲ ကျင်းပဆောင်ရွက်

 


MNP - ဒီဇင်ဘာ ၃


ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။


အဆိုပါ ကွန်ပျူတာအခြေခံသင်တန်း (၂/၂၀၂၂)ကို (၁.၁၁.၂၀၂၂) မှ (၂၅.၁၁.၂၀၂၂) ထိ ရုံးချိန်အတွင်း သင်ကြားပေးခဲ့ပြီး အဝေးသင်တက္ကသိုလ်စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား/ သူ (၁၀)ဦး တက်ရောက်သင်ယူခဲ့ကြပါသည်။


ယနေ့အချိန်တွင် ခေတ်မီနည်းပညာများတိုးတက်လာသည်နှင့်အညီ ကွန်ပျူတာပညာရပ်သည် လူငယ်လူရွယ်များအတွက် မဖြစ်မနေတတ်မြောက်ထားရမည့် အတတ်ပညာတစ်ခုဖြစ်သဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြန်/ ဆက်ဦးစီးမှူး ဒေါ်နှင်းယုဝေက ပြောကြားခဲ့ပါသည်။ ထို့နောက် သင်တန်းနည်းပြ ဒေါ်ခင်ခင်ချိုအား ဂါရဝပြုလက်ဆောင်ပေးအပ်ခြင်း၊ Youth club အဖွဲ့ခေါင်းဆောင်ဦးမင်းယုက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသား/ သူများထံ ပေးအပ်ခြင်းနှင့် မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)