MNP - ဒီဇင်ဘာ ၂၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ(သထုံ)ကျောင်းတွင် ကျောင်းသားကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ယနေ့၊ နံနက်မှစတင်ကာ ကျင်းပပြုလုပ်ပေးခဲ့သည်။
အားကစားပြိုင်ပွဲများဖွင့်လှစ်ရာတွင် စိုက်ပျိုးရေးသိပ္ပံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မို့မို့ထွေးက ကျောင်းသားကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ပြီး စည်းစည်းလုံးလုံးဆောင်ရွက်တက်စေရန်နှင့် ကျောင်းသားကျောင်းသူများ အချင်းချင်း ရင်းရင်းနှီးနှီးရှိစေရန် ရည်ရွယ်ချက်များဖြင့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းအမှာစကား
ပြောကြားသည်။
ယင်းနောက် အားကစားပြိုင်ပွဲများအား ကျင်းပပြုလုပ်ပေးရာ ထုတ်စည်းတိုး၊ ပိုက်ကျော်ခြင်း၊ ဖူဆယ်ဘောလုံးကန်၊ ကြက်တောင်ရိုက် စသည့် အားကစားပြိုင်ပွဲအသီးသီးတို့၌ ကျောင်းသားကျောင်းသူ ၂၀၀ ဦးခန့်တို့က အသင်းအလိုက် တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment