MNP - ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း(ပဲခူးတိုင်းဒေသကြီး)မှ စာကြည့်တိုက်များအတွက် သုတ၊ ရသနှင့် ဘာသာရေးစာအုပ်များ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက စာကြည့်တိုက်များရှိရာ နေရာအသီးသီးသို့ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (ပဲခူးတိုင်းဒေသကြီး) ဥက္ကဋ္ဌ စာရေး ဆရာမဝတ်ရည်ခင်(ပဲခူး)၊ အတွင်းရေးမှူးဦးကျော်မင်းနိုင်၊ ဘဏ္ဍာရေးမှူး စာရေးဆရာမ နုခန့်ယဉ်တို့သည် ပဲခူးမြို့ ကိုထွဋ်ဘိုးဘွားများစောင့်ရှောက်ရေး ဂေဟာသို့သွားရောက်၍ အဘိုး၊ အဘွားများ ဖတ်ရှု့လေ့လာနိုင်ရန်အတွက် ဘာသာရေးစာအုပ်နှင့် တရားစာအုပ်များအား ပေးအပ် လှူဒါန်းခဲ့ကြပြီး စာရေးဆရာမ ဝတ်ရည်ခင် (ပဲခူး) ဦးဆောင်သည့်အဖွဲ့သည် ဥဿာမြို့သစ်ရှိ စာပေဥယျာဉ် စာကြည့်တိုက်နှင့် ရစ်ကန်ကြီးကျေးရွာ အခြေခံပညာအထက် တန်းကျောင်း စာကြည့်တိုက်များသို့သွားရောက်ပြီး အများပြည်သူနှင့် ကျောင်းသား/ကျောင်းသူများ ဖတ်ရှုလေ့လာနိုင်ရေးအတွက် အသစ်ထွက်ရှိသည့် သုတ၊ရသ စာအုပ်၊ စာစောင်များအား စာကြည့်တိုက်တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment