ပေါက်တောမြို့တွင် ဌာဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့တွင် ဌာဆိုင်ရာများပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်



MNP ၊ ဒီဇင်ဘာ  ၁၄

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် ဌာဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အစည်းအဝေးတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းက လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးရန်အတွက်  မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီများနှင့် မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ (Working Group) ကိုဖွဲ့စည်းခြင်းနှင့် တာဝန်ပေးအပ်ခြင်းကိစ္စရပ်များ၊ မြို့သန့်ရှင်းသာလှပရေးနှင့် မြို့ဥပဓိရုပ်ကောင်းမွန်စေရေးကိစ္စရပ်များ၊ အပတ်စဉ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများစုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြစေလိုကြောင်း၊ မိမိတို့ရုံးဌာနများအား ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ရုံးတွင်း/ပြင် သန့်ရှင်းရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကိစ္စရပ်များဆောင်ရွက်ထားရှိစေလိုပါကြောင်း၊ မြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးကိစ္စရပ်များကို အလေးထား ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ ဌာနလုပ်ငန်းအခြေအနေများသက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)