တောင်ကုတ်မြို့၌(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ





MNP ၊ ဒီဇင်ဘာ ၁၃

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်း အမှတ် အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်ကမြို့မအားကစားကွင်းအတွင်း ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး က အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဌာန် ပြုကြသည်။ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန က အေရိုးဗစ်ကစားနည်းဖြင့် သရုပ်ပြပြီးနောက် အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်ဂျပန်ဂိုး ကျဉ်းဘောလုံးပြိုင်ပွဲများကို ကျင်းပရာ ကြည့်ရှုအားပေးသူပရိတ်များဖြင့်အထူးစည်ကားခဲ့ကြောင်းသိရသည်။


(၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်ကျင်းပရေးကော်မတီအနေဖြင့် အားကစားပြိုင်ပွဲ များအဖြစ် အမျိုးသား၊အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ၊ အမျိုးသား၊အမျိုး သမီး လွန်ဆွဲပွဲ နှင့်ချောတိုင်တက်ပွဲ များကို ကျင်းပသွားမည်ဖြစ်သည့်အပြင် အခြားပျော်ပွဲရွှင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မှသိရသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင် ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဆရာ ၊ ဆရာမများနှင့်ကျောင်းသား ကျောင်းသူများ ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)