MNP ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်ကျရောက်မည့် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဖူဆယ်ဘောလုံးအားကစားပြိုင် ပွဲနှင့် ပျော်ပွဲရွှင်ပွဲများကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစ၍ အစိုးရရပ်ကွက်ရှိ မြို့မ အားကစားဘောလုံးကွင်း၊ မိုးလုံလေလုံအားကစားခန်းမနှင့် ကားဂိတ်ဝန်းအတွင်းရှိ ဖူဆယ်ဘော လုံးကွင်းတို့တွင် ကျင်းပပြုလုပ်လျက်ရှိသည်။
အဆိုပါ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို မြို့မအား ကစားဘောလုံးကွင်း၊ မိုးလုံလေလုံခန်းမတွင်လည်းကောင်း၊ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကားဂိတ် ဝန်းအတွင်းရှိ ဖူဆယ်ဘောလုံးကွင်းတို့တွင်လည်းကောင်း အုပ်စုပတ်လည် ရှုံး/ထွက်စနစ်ဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ပြိုင်ပွဲဝင်အသင်းများက စိတ်အားထက်သန်ပျော်ရွင်စွာဖြင့် ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိသည်။
အလားတူ ကျောက်ဖြူမြို့တွင် ဒီဇင်ဘာ ၁၅ ရက်၊ ရခိုင်ပြည်နယ်နေ့တွင်လည်း ဂေါက်သီးရိုက်ပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပြိုင်ပွဲနှင့် ညပိုင်းတွင် ပျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရခိုင်ရိုးရာကျင်ပြိုင်ပွဲနှင့် ညပိုင်းဖျော်ဖြေရေး အစီအစဉ်များကို ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက် ၂ ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ တစ်ဦးချင်း ဆုရရှိသူများနှင့် ဆုရရှိသည့်အသင်းများကို နဒီသောင်ယံဂေါက်ကွင်း၌ ညပိုင်းပျော်ဖြေရေး အစီအစဉ်များတွင် ဆုများပေးအပ်ချီး မြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း
https://t.me/MyanmarNationalPost





No comments:
Post a Comment