မအီမြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ဆေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ဆေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်






MNP ၊ ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအီမြို့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များအား ဆေးနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မအီမြို့တွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် မအီမြို့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဦးစောရီနှင့် အဖွဲ့ဝင်များက  မအီမြို့၊ အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အမှတ်(၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်လက်သွားရောက်၍ သက်ကြီးဘိုးဘွားများအား ဆေးနှင့် ထောက်ပံ့ပစ္စည်းများကိုလည်းကောင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား  ကြက်ဥ၊ အိုင်အိုဒင်းဆားနှင့် အခြားထောက်ပံ့ပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ မအီမြို့၊  ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးရုံးသို့သွားရောက်၍ Grade-7 ကျောင်းသား/ကျောင်းသူများနှင့် စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ပြီး ဥက္ကဋ္ဌ ဒေါ်ဦးစောရီနှင့် အဖွဲ့ဝင်များက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဆွေးနွေးပွဲကို ကျောင်းသူများနှင့် ဟောပြောဆွေးနွေးခဲ့ကြသည်။ ထို့နောက် မူလတန်းအရွယ် ကလေးငယ်များအား မုန့်စားပြိုင်ပွဲများ ကျင်းပပေးပြီး ဆုရရှိသည့်ကလေးငယ်များအား ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။


မအီမြို့၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း အနေဖြင့် ဤသို့ပြည်သူ့အကျိုးပြုလုပ်ငန်းများကို မိမိတို့အဖွဲ့အစည်းကိုယ်တိုင်သော်လည်းကောင်း၊ ဌာနဆိုင်ရာများဖြင့် ပူးပေါင်၍သော်လည်းကောင်း ရာသီအလိုက် အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း အဆိုပါ အဖွဲ့များဥက္ကဋ္ဌ ဒေါ်ဦးစောရီက ပြောကြားခဲ့သည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)