ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုတွင် ပေါ့ဆမှုကြောင့် နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုတွင် ပေါ့ဆမှုကြောင့် နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံး





MNP ၊  ဒီဇင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စု ၊ လက်သာ(ဘင်္ဂါလီ) ကျေးရွာ တွင် ဒီဇင်ဘာ ၁၂ ရက်နေ့  ညနေ ၄ နာရီ အချိန်ခန့်က ပေါ့ဆမှုကြောင့် နေအိမ်(၅)လုံး မီးလောင်ဆုံးရှုံး ခဲ့ ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားနေကြောင်း သတင်း အရ ဘူးသီးတောင်မြို့နယ် မီး သတ် ဦးစီး မှူး  ဦးထွန်းဝင်းနိုင် ဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ဖြင့် မီးလောင်ပြင်သို့ သွား ရောက် မီးငြိမ်း သတ်ခဲ့ရာ (၁၆:၀၀) အချိန် မီး စတင် လောင်ကျွမ်းပြီး  (၁၆:၃၅) မီး ထိန်း နိုင် ခဲ့ရာ (၁၆:၄၅) မိနစ် အချိန် မီး ငြိမ်း သတ်နိုင်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ၊  ဘူးသီးတောင်မြို့နယ် ၊ အလယ်ချောင်းကျေးရွာအုပ်စု ၊ လက်သာ (ဘင်္ဂါလီ) ရွာနေ ဦးဇော် ကော်ရီ (ဘ)ဦးအဒူကော်ရီ အသက်(၆၅)နှစ်၏ အလျား ၁၈ ပေ ၊အနံ ၁၃ ပေ ၊အမြင့် ၉ ပေ ခန့်ရှိ (ဓနိမိုး ၊ဝါးထရံ ကာ၊ မြေစိုက်) နေအိမ်တွင် ကြက်ဉကြော်နေစဉ် မီးဖိုမီးမှ ဆီဒယ်အိုးသို့ မီးစတင်လောင်ကျွမ်ခဲ့ရာ အနီးရှိ  အဒူမော် နာ (ဘ)ဇော်ကီရော ဒင် အသက်(၃၅)နှစ်၏ အလျား ၁၃ ပေ ၊အနံ ၁၂ ပေ ၊အမြင့် ၉ ပေ ခန့်ရှိ (ဓနိမိုး ၊ဝါးထရံ ကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံး ၊ ဂျာဖော်ရ်(ဘ)အာလာမျှာ အသက်(၅၅)နှစ်၏ အလျား ၁၈ ပေ ၊အနံ ၁၂ ပေ ၊အမြင့် ၉ ပေ ခန့်ရှိ (ဓနိမိုး ၊ဝါးထရံ ကာ၊ မြေစိုက်)နေအိမ်တစ်လုံး၊ မာမတ်ရော်ဖီး (ဘ)နုရ်ရာမောက် အသက်(၃၀)ခန့် အလျား ၁၈ ပေ ၊အနံ ၁၂ ပေ ၊အမြင့် ၁၂ ပေ ခန့်ရှိ (ဓနိမိုး ၊ဝါးထရံ ကာ၊ မြေစိုက်)နေအိမ်တစ်လုံး နှင့် အလျား ၁၆ ပေ ၊အနံ ၁၂ ပေ ၊အမြင့် ၉ ပေ ခန့်ရှိ လူမနေသည့်နေအိမ်(၁)လုံးတို့အား မီးကူးစက်လောင်ကျွမ်းဆုံးရှုံးခဲ့ပြီး မီးလောင်မှု ကြောင့် လူ/ တိရစ္ဆာန် သေဆုံးမှု မရှိကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။  

မီးလောင်မှု နှင့် ပတ်သတ်၍  မီးပေါ့ဆသုံးစွဲသူ ဦးဇော်ကော်ရီဒိန် ၊ အသက်(၅၆)နှစ်(ဘ)ဦး အဒူကော် ဘော်ရ်အား  အမှတ်(၈)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ကွပ်ကဲမှုအောက်ရှိ ညောင်ချောင်းနယ်မြေစခန်းမှ (ပ)၇/၂၀၂၂)၊ ရာ ဇသတ် ကြီး ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့် အရေးယူ နိုင်ရေး စီစဉ် ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။


အောင်ကျော်စိန်၊ သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)