MNP ၊ ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် မြို့မမြောက်ရပ်ကွက်နေထိုင်သူ အမျိုးသားတစ်ဦးထံမှ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် (၁၅:၄၅) မိနစ် အချိန် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ မူးယစ်ရဲတပ်ဖွဲ့စု(၄၆)မောင်တော နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ မြို့မ အရှေ့ရပ်ကွက်အတွင်းရှိ လူနေထိုင်ခြင်းမရှိသေးသည့် ကယ်ဆယ်ရေးအိမ်ဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ အိမ် အမှတ် (၂၃၇)အနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကျော်သန်းနိုင်(ကျား)အား တွေ့ရှိ၍ ရှာဖွေရာ ၎င်းဝတ်ဆင်ထားသည့် အပြာရောင် ကွက်စိပ်ပုဆိုး၏ ခါးလိပ်ကြားမှ အကြည်ရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ဟုယူဆရသော WY/R စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား လိမ္မော်ရောင်ဆေးပြား(၄၀)ပြား ၊ အလေးချိန်(၃.၆)ဂရမ်ခန့်အား သိမ်းဆည်းပြီး မူးယစ်ဆေး ဝါး များ နှင့်အတူ တွေ့ရှိသူ ကျော်သန်းနိုင် အသက်(၂၇)နှစ်(ဘ)ဦးဖေသိန်း မြို့မ မြောက် ရပ်ကွက် ၊မောင်တောမြို့နေသူအား မောင်တောမြို့မရဲစခန်းတွင် မယ(ပ) ၄၄/ ၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉ (က) အရ အမှု ဖွင့် လှစ်ကာ အရေး ယူနိုင်ရေး စီစဉ် ဆောင်ရွက် လျှက်ကြောင်း သိရသည်။
ဝေလ(မောင်တော)
https://t.me/MyanmarNationalPost

No comments:
Post a Comment