မဲစာရင်းအမှန်ရရှိရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျွေးရွာများသို့သွားရောက်၍ ပိုမိုကြိုးစားလုပ် ဆောင်ကြရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်လုံဝန်ကြီး မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မဲစာရင်းအမှန်ရရှိရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျွေးရွာများသို့သွားရောက်၍ ပိုမိုကြိုးစားလုပ် ဆောင်ကြရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ နယ်လုံဝန်ကြီး မှာကြား






မြောက်ဦး ဒီဇင်ဘာ ၁၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ နှင့် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်တို့  ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွ ထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ယနေ့နံနက် ၁၁ နာရီခွဲ အချိန်က ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံ၍  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အား ဆောင်ရွက်နေမှုအခြေအနေတို့ကို မေးမြန်းခဲ့ကြောင်း  သိရသည်။

ရှေးဦးစွာ  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ မှ အဖွင့်အမှာစကားပြောကြားရာတွင်  မြောက်ဦးမြို့ ယူနစ်စကိုဝင်ရောက်နိုင် ရေးအတွက် ဆောင်ရွက်လျှက်ရှိသောအခြေအနေများ၊ ရွေးကောက်ပွဲတွင် မဲစာရင်းအမှန် ရရှိရေး မြို့ပေါ်ရပ်ကွက်များနှင့် ကျွေးရွာများသို့သွားရောက်၍ ယခုထက်ပိုမိုကြိုးစားလုပ် ဆောင်ကြရန်နှင့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅) ရပ် နှင့်အညီ လုပ်ဆောင်ကြရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင် မှလည်း   နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် အတွက် ဝန်ထမ်း စည်းမျဉ်း၊စည်းကမ်း နှင့် ပြုမူကျင့်ကြံကြရန် ၊ မြောက်ဦးမြို့တော် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့ပေါ်ရပ် ကွက် နှင့် အထင်ကရ ဘုရားပုထိုးစေတီများကို အမှိုက်များသန့်ရှင်းအောင် ဆောင်ရွက် ကြရန်နှင့် မြောက်ဦးမြို့နယ်အ တွင်းရှိ တည်ဆောက်ရေးလုပ်ငန်းများ၊ လမ်း၊ တံတားများ ဆောက်လုပ်ခြင်းကို အရည် အသွေး ပြည့်မှီအောင် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ကြရန် စသော အကြောင်း အရာများ ကိုရှင်းလင်းပြော ကြားခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကောင်းမြတ်နိုင် နှင့်အဖွဲ့ဝင် များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ ၊ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများမှ ဌာနအလိုက် လိုအပ်သည်များကို ရှင်းလင်းပြောကြား၍ ရခိုင် ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မှ ဌာနအလိုအပ်ချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)