MNP ၊ ဒီဇင်ဘာ ၁၄
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် နှင့် လှူဖွယ် ပစ္စည်း များ ယနေ့ ညနေပိုင်းက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထိုသို့ လှူဒါန်းရာတွင် မောင်တောခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်း ဦးဆောင်၍ အဖွဲ့ဝင်များ ၊ မိခင်နှင့် ကလေးစောင့်ရှောက်ကြီးကြပ်မှုအဖွဲ့ဝင်များက (၄၈)နှစ်မြောက် ရခိုင် ပြည်နယ်နေ့ကို ကြိုဆို ဂုဏ်ပြုသော အား ဖြင့် မောင်တောမြို့အတွင်းရှိ မြို့မကျောင်းတိုက် ၊ အလိုတော်ပြည့်ကျောင်း ၊ ဗဟိုလ်ကျောင်း ၊ သန္တိသုခတောရကျောင်း ၊ ဝေသာလီ ကျောင်း များရှိ ကျောင်းထိုင် ဆရာတော်ကြီးများအား ဖူးမျှော်ကြည်ညိုကာ ဆွမ်း ဆန် တော် ၊ စားဆီ ၊ ခေါက်ဆွဲ ၊ ကြက်ဥ ၊ လက်ဖက်ရည်ထုတ်များအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment