၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်နှင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆက်လက်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်နှင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှု ဆက်လက်ဆောင်ရွက်





MNP ၊  ဒီဇင်ဘာ ၁၄

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ယနေ့တွင် ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit)ဖြင့် ပြည်ထောင်စုနယ်မြေရှိ လူမှုဖူလုံရေးအကျုံးဝင် ဝန်ကြီးဌာနများဖြစ်သည့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနများသို့ ကွင်းဆင်းဆေးကုသမှုများကို ဆက်လက်ဆောင်ရွက် ခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  အာမခံအလုပ်သမား(၁၈၉၄) ဦးရှိသည့်အနက် အာမခံအလုပ်သမား (၂၉၅)ဦး ကိုလည်းကောင်း၊ အလုပ်သမားဝန်ကြီးဌာနမှ  အာမခံအလုပ်သမား(၉၀၈)ဦး ရှိသည့်အနက် အာမခံအလုပ်သမား   (၂၀၂)ဦး ကိုလည်းကောင်း ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။


အလုပ်သမားဝန်ကြီးဌာနသို့ ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ကွင်းဆင်းကုသ ဆောင်ရွက်နေမှုကို အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က ကြည့်ရှုအားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ထမ်းများအတွက် Mask များနှင့် အားဆေးများကို ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် အဖွဲ့ရုံးတို့ရှိ ညွှန်ကြားရေးမှူးချုပ်များကို ပေးအပ်သည်။


လုပ်ခလစာ တစ်လလျှင် ငွေကျပ်(၁)သိန်းရရှိသည့် အာမခံအလုပ်သမားတစ်ဦးအနေဖြင့် အလုပ်သမား ထည့်ဝင်ကြေး  ၂ ရာခိုင်နှုန်းအတွက် ငွေကျပ် ၂၀၀၀ နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းအတွက် ငွေကျပ် ၃၀၀၀ စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက် ငွေကျပ် ၅၀၀၀ ပေးသွင်းရပြီး အများဆုံးလုပ်ခလစာ ငွေကျပ် (၃)သိန်းအထိ သတ်မှတ်ထားပြီး အလုပ်သမားထည့်ဝင်ကြေး ၂ ရာခိုင်နှုန်းအတွက် ၆၀၀၀ ကျပ်နှင့် အလုပ်ရှင်မှ ၃ ရာခိုင်နှုန်းအတွက် ငွေကျပ် ၉၀၀၀ စုစုပေါင်း ၅ ရာခိုင်နှုန်းအတွက် ငွေကျပ် ၁၅၀၀၀ ပေးသွင်းရကာ လစဉ်ထည့်ဝင်ကြေးပေါ်မူတည်၍  မကျန်းမာမှု အကျိုးခံစားခွင့်၊ မီးဖွားမှု အကျိုးခံစားခွင့်၊ နာရေးစရိတ်၊ အလုပ်တွင်ထိခိုက်မှုကြောင့် ယာယီမသန်မစွမ်းဖြစ်မှု အကျိုးခံစားခွင့်၊ အမြဲတမ်းမသန်မစွမ်း အကျိုးခံစားခွင့်နှင့် အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက်  ကျန်ရစ်သူ အကျိုးခံစားခွင့်စသည်တို့ကို ခံစားရရှိနိုင်သည်။


လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း (၁၁၆) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမားပေါင်း (၁ ဒသမ ၂၃) သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အကျိုးခံစားခွင့်များကို အလုပ်သမားဆေးရုံကြီး(၃)ရုံ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးခွဲပေါင်း (၉၉)ရုံး၊ မြို့နယ် ဆေးခန်းပေါင်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၅၇) ခန်း၊ PPS စနစ်ဖြင့် Fee for services payment ဆေးခန်း (၁၂) ခန်း၊ Capitation payment ဆေးခန်း (၂၅) ခန်း၊ သားဖွားမီးယပ်ဝန်ဆောင်မှု ဆေးခန်း(၈)ခန်းနှင့် တိုင်းရင်းဆေးကုခန်း (၁)ခန်းအပြင် ရွေ့လျား ဆေးကုသယာဉ် Mobile Medical Unit (၂)စီးနှင့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျှက်ရှိသည်။


ဆက်လက်၍ အာမခံအလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များသို့ ကွင်းဆင်း ဆေးကုသမှုများ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)