(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်စန်မြို့၌ (၄)ခရိုင်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်စန်မြို့၌ (၄)ခရိုင်အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ်



MNP ၊ ဒီဇင်ဘာ ၁၄

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့တွင် (၄)ခရိုင် အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် မြို့နယ်အားကစားကွင်း၌ ပြုလုပ်ခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခရိုင်(၄)ခရိုင်မှ ပြိုင်ပွဲဝင် အသင်း ၁၃ သင်းဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည် ဖြစ်ကြောင်း သိရှိ ရသည်။


အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်း တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့်အတူ ကျောင်းသူများက ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်း သရုပ်ပြလေ့ကျင့်မှုနှင့် တိုင်းရင်းသား ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (၄)ခရိုင် အလွတ်တန်းအမျိုးသားဘောလုံး ပြိုင်ပွဲ အဖွင့်ပွဲစဉ် ဖြစ်သည့် နမ့်စန်တပ်နယ်အသင်းနှင့် မိုးနဲမြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)