MNP - ဒီဇင်ဘာ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မြေနုကျေးရွာတွင် ကျင်းပပြုလုပ်သော ၂၇၆၂ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားကို တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိအဖွဲ့ဝင်ဒုဥက္ကဋ္ဌမန်းသိန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ထံမှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် ကဖတ်ကြားခြင်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အမှာစကားပြောကြားခြင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကြည်ခိုင်က အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြညထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်မှပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးသဝဏ်လွှာအားဖတ်ကြားခြင်း၊ ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌမန်းဝင်းမောင်က အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားကို ကရင်အမျိုးသားသီချင်းဖြင့် သီဆိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment