MNP - ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲကို ပြည်သူများ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားတတ်စေရန်၊ စာပေမှအသိပညာဗဟုသုတများ ရှာမှီးတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပိုမိုဖြစ်ထွန်းလာစေရန်နှင့် စာအုပ်စာပေကောင်းများကို ရွေးချယ်ဖတ်ရှုတတ်စေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စာအုပ်ပြပွဲတွင် ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၊ နာမည်ကျော်စာရေးဆရာများ၏ စာပေလက်ရာများ၊ အသစ်ရောက်ရှိလာသည့်စာအုပ်များကို ခင်းကျင်းပြသထားရာ စာဖတ်ပရိသတ်များ၊ စာပေဝါသနာရှင်များက စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment