MNP - ဒီဇင်ဘာ ၂၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို ကျောင်းပေါင်းစုံစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ကျိုက်ထိုမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်
အဆိုပါ စွမ်းရည်ပြိုင်ပွဲများမှာ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် ကဗျာရေးသားခြင်း၊ စာစီစာကုံးရေးသားခြင်း၊ ဆောင်းပါးရေးသားခြင်း၊ သရုပ်ဖေါ်ပန်းချီဆွဲခြင်းတို့ကို ကျင်းပ ပြုလုပ်ခဲ့သည်။
ယင်းပြိုင်ပွဲများသို့ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြရာ ကဗျာရေးသားပြိုင်ပွဲတွင်(၃၄)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင်(၃၇)ဦး၊ ဆောင်းပါးပြိုင်ပွဲတွင်(၁)ဦး၊ ပန်းချီပြိုင်ပွဲတွင်(၂၆)ဦး စုစုပေါင်း(၁၀၄)ဦးတို့က မိမိအတွေးအခေါ်ဖြင့် ဉာဏ်ရည်သုံး၍ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment