(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူ ဆွမ်းကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပပြုလုပ်




MNP ၊ ဒီဇင်ဘာလ ၁၅

(၇၅)နှစ်မြောက်၊ စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ရေးပြအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ လေတပ်စခန်း ဌာနချုပ်မှူးများ၊ မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ စစ်ရေးပြအခမ်းအနားအား အစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသောတပ်မတော်သားအပေါင်းအား အလေးပြုခြင်း၊ သစ္စာလေးချက်ရွတ်ဆိုခြင်းများဆောင်ရွက်၍ ကာကွယ်ရေးဦးစီးချုပ်(လေ)က စစ်ရေးပြတပ်ခွဲများအား စစ်ဆေးသည်။


ထို့နောက် ကာကွယ်ရေးဦးစီးချုပ်(လေ)က (၇၅)နှစ်မြောက်စိန်ရတုတပ်မတော် (လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားကာ စစ်ရေးပြတပ်ခွဲများ၏ စစ်ကြောင်းပုံဖြင့် ချီတက်အလေးပြုခြင်းကိုခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။


အလားတူ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(လေ)နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပရိတ်တရားနာယူခြင်းနှင့် အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား မိတ္ထီလာတပ်နယ်ရှိ လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေးဌာနချုပ်တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာမြို့၊ ရန်မျိုးအောင်ရပ်၊ သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒ အမှူးပြုသော သံဃာတော်အရှင်မြတ်(၇၅)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီးဒေါ်တင်မိုးနွယ်၊ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်နှင့် ဇနီးဒေါ်မြင့်မြတ်မြတ်စိုး၊ လေတပ်စခန်းဌာနချုပ်မှူးများနှင့် ဇနီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များအား နာယူကြသည်။


ထို့နောက် သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သာသနာ့ဝေပုလ္လပါဠိတက္ကသိုလ် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြသည်။


ဆက်လက်၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကြပြီးနောက် သံဃာတော်အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)