ပုလောမြို့နယ်၊ တိုရွာတွင် စာမေးပွဲစစ်ဆေးမှုအား ဆက်လက်ပြုလုပ်ခြင်းမပြုရန် ခြိမ်းခြောက်အကြပ်ကိုင်ပြီး ကျောင်းဝင်းအတွင်းမှထွက်ခွာသွားရန် PDF အကြမ်းဖက်သမားများက မောင်းထုတ်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းအတွင်းမှ ထွက်ပြေးရှောင်တိမ်းခဲ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုလောမြို့နယ်၊ တိုရွာတွင် စာမေးပွဲစစ်ဆေးမှုအား ဆက်လက်ပြုလုပ်ခြင်းမပြုရန် ခြိမ်းခြောက်အကြပ်ကိုင်ပြီး ကျောင်းဝင်းအတွင်းမှထွက်ခွာသွားရန် PDF အကြမ်းဖက်သမားများက မောင်းထုတ်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းအတွင်းမှ ထွက်ပြေးရှောင်တိမ်းခဲ့ရ


MNP ၊ ဒီဇင်ဘာ ၁၅

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားခွင့်အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများဖြစ်ပေါ်လာစေရန်၊ စာသင်ပေသင်ကြားခြင်းမပြုလုပ်နိုင်ရန်နှင့် ၎င်းတို့အား ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။


ထိုသို့ နှောင့်ယှက်ဖျက်ဆီးလျက်ရှိရာ ဒီဇင်ဘာလ ၁၄ ရက် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၂) ရပ်ကွက်(ဒေသအခေါ်-တိုရွာ)ရှိ တိုရွာအခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပညာသင်ကြားလျက်ရှိသော Grade-3 မှ Grade-11 အထိ ကျောင်းသား၊ ကျောင်းသူ ၃၀၀ ဦးခန့်တို့အား ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုအား ဆရာ၊ ဆရာမ ၂၃ ဦးတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိနေစဉ် နံနက် ၁၀ နာရီခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား ၄  ဦးက ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး လက်နက်များကိုယ်စီကိုင်ဆောင်ကာ ကျောင်းဝင်းအတွင်းသို့ဝင်ရောက်၍ စာမေးပွဲစစ်ဆေးမှုအား ဆက်လက်ပြုလုပ်ခြင်းမပြုရန် ခြိမ်းခြောက်အကြပ်ကိုင်ပြီး ကျောင်းဝင်းအတွင်းမှထွက်ခွာသွားရန် မောင်းထုတ်ခဲ့သဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းအတွင်းမှ ထွက်ပြေးရှောင်တိမ်းခဲ့ရကြောင်း သိရှိရသည်။


အကြမ်းဖက်သမားများ၏ နှောက်ယှက်ခြိမ်းခြောက်မှုကြောင့် ပထမနှစ်ဝက်စာမေးပွဲစစ်ဆေးမှုအား ခတ္တရွှေ့ဆိုင်းထားခဲ့ရကြောင်းနှင့် ပြန်လည်ကျင်းပနိုင်ရေး တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ဖြစ်စဉ်တွင် စာမေးပွဲဖြေဆိုမှုမပြုလုပ်နိုင်ရေး ခြိမ်းခြောက်အကြပ်ကိုင်သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)