အမ်းမြို့နယ်၌ ကိုဗစ်- ၁၉ ကပ်ရောဂါဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများအတွက် အာဆီယံအပေါင်းသုံးနိုင်ငံအစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ပေး အပ်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ကိုဗစ်- ၁၉ ကပ်ရောဂါဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံပြည်သူများအတွက် အာဆီယံအပေါင်းသုံးနိုင်ငံအစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ပေး အပ်ပွဲကျင်းပ






MNP ၊ ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကြောင့် ရောဂါကူးစက်ခံရသူ ပြည်သူ များအတွက် အာဆီယံပေါင်းသုံးနိုင်ငံ ၏ APTERR Tier 3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှ လှူဒါန်းသည့် ဆန်ထောက်ပံ့ပေး အပ်ပွဲအခမ်းအနားကို ယမာန်နေ့ နေ့လည် (၂)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ ၌ ကျင်းပပြုလုပ်သည်။

 အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဝင်းဇော် က ဆန်ထောက်ပံ့ပေးအပ်ရခြင်း အကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်၊မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယ လှိုင်းတွင် ရောဂါကူးစက်ခြင်းခံခဲ့ရသည့် ပြည်သူ (၁၇၃)ဦးအား  APTERR Tier 3 အစီအစဉ်ဖြင့် ဂျပန်နိုင်ငံမှလှူဒါန်းသော ဆန်များကို ထောက်ပံပေးအပ် လှူဒါန်းခဲ့ကြသည်။

 အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရောဂါကူးစက်ခြင်းခံခဲ့ရသည့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)