ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ပြိုင်ပွဲများ ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ပြိုင်ပွဲများ ကျင်းပပြုလုပ်

 


MNP - ဒီဇင်ဘာ   ၁


နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်၍ အကျင့်စာရိတ္တကောင်းမွန်သော လူတော်၊ လူကောင်းများ ပေါ်ထွန်းလာရေးအတွက် ဇမ္ဗူသီရိမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး ပြိုင်ပွဲများကို နိုဝင်ဘာ (၂၈) ရက်နေ့မှ ယမန် ်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းသို့ မြို့နယ်အဆင့် အခြေခံပညာကျောင်းများမှ Grade-9 ကျောင်းသား/သူ (၂၄) ဦး၊ Grade-10 ကျောင်းသား/သူ (၂၀) ဦးနှင့် Grade-11 ကျောင်းသား/သူ (၂၀) ဦး၊ စုစုပေါင်း ကျောင်းသား/သူ (၆၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး နိုဝင်ဘာလ (၂၈) ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာစစ်ဆေးခြင်း၊ နိုဝင်ဘာလ (၂၉)ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းများကို အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယမန်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အောင်မြင်သူများအနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - ဟိန်းသူအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)