MNP ၊ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်သော (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား မြောက်ဦးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်က ဖတ်ကြားသည်။
ဆက်လက်၍ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ဆုချီးမြှင့်ပေးပွဲအခမ်းအနားကို ကျင်းပ ရာ အထက်တန်း အဆင့် စာစီစာ ကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို မြောက်ဦးခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဉက္ကဌ ဦးကောင်းမြတ်နိုင် လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူး ကြီးတင်ထူးလှိုင် မှ လည်းကောင်း၊ အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိ ယဆုရရှိသူများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးစိုးသက် နှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲထွန်း တို့မှ ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ပြီး (၄၈)နှစ်မြောက် ရခိုင်ပြည်နယ် နေ့အထိမ်းအမှတ်အဖြစ် အမျိုးသား ဖူဆယ်ဘော လုံးပြိုင်ပွဲနှင့် ရိုးရာခြင်းဝိုင်းခတ်ပြိုင်ပွဲများအားစည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိကြောင်း သိရသည်။
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost




No comments:
Post a Comment